
လတ်တလောမှာ
မေသက်ခိုင်က ဒါရိုက်တာ ကိုသောင်း(Studio 35) ရိုက်ကူးတဲ့
‘သင်္ကြန်ကကြိုး’ဇာတ်ကားမှာကျော်ကျော် နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားက
ကျော်ကျော်နဲ့ လေးကားမြောက်ဆုံတဲ့ ဇာတ်ကားဖြစ်ပြီး မိဘတွေက ချုပ်ချယ်ကာ
သင်္ကြန်ကို အပြင် ပေးမထွက်တဲ့အတွက် ဂီတသင်တန်းတစ်ခု တက်ရင်း သင်္ကြန်မှာ
အပြင်ကို ခိုးထွက်လည်တဲ့ သင်္ကြန်ဖန်စီ ကားလေး တစ်ကားပဲဖြစ်ပါတယ်။ သင်္ကြန်
ကျရင် အိမ်ထဲမှာပဲ အနေများတဲ့ မေသက်ခိုင် က အနုပညာအလုပ်တွေ လုပ်တော့မှ
သင်္ကြန်ကို သီချင်းဆိုတဲ့ အလုပ်နဲ့ပဲ အပြင် ထွက်တတ်ပြီး၊ မလည်ဖြစ်တာ
များပါတယ် လို့ပြောပါတယ်။ ဒီနှစ်နယူးရီးယားကို ဇာတ်ကားရိုက်ရင်းနဲ့
ရန်ကုန်မှာပဲ ဖြတ် သန်းမှာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာလည်း ဒါရိုက်တာ
ဝင်းထွန်းထွန်းနဲ့ ဇာတ်ကားရိုက် ကူးဦးမှာဖြစ်ကြောင်း သိရပါတယ်။ မေသက်
ခိုင်က တစ်လကို ပုံမှန် ၄၊၅ ကား ရိုက်ကူးနေ ပြီး ဇာတ်ကားရိုက်က တအားလည်း
မကျဲသလို၊ တအားလည်း ရက်စိပ်အောင် လက်မခံ ဖြစ်ပါဘူးလို့ဆိုပါတယ်။ တစ်ခါတလေ
ဇာတ် ကားလာကမ်းလှမ်းတာ တိုက်နေတဲ့အခါ ကိုယ်နဲ့ လိုက်ဖက်တဲ့ဇာတ်ရုပ်၊
ကိုယ်မလုပ်ဖူးတဲ့ ဇာတ်ရုပ်ကို ပိုဦးစားပေးရွေးချယ်ဖြစ် ပါတယ်လို့
ပြောတဲ့မေသက်ခိုင်က… ”၂ဝ၁၁မှာ တခြားကိစ္စတွေ မရှိဘူး။ ဇာတ်ကားရိုက်တယ်။
ဓာတ်ပုံရိုက်တယ်။ ဒီနှစ်ထဲမှာတော့ နယ်တွေထွက်ဖြစ်ပြီး သီချင်းဆိုတာများတယ်။
ကျိုက်ထီးရိုး တစ်ခါမှ မရောက်ဖူးဘူး။ ဒီဇာတ်ကား မရိုက် ခင် ရှေ့ကားတုန်းက
ဇာတ်ကားရိုက်ရင်း ကျိုက်ထီးရိုးဘုရားသွားဖြစ်တယ်။ ချောင်း သာသွားတယ်။
ကြော်ငြာတွေလည်း ရိုက် တယ်။ အနုပညာအလုပ်က ကိုယ် လည်း တကယ်ဝါသနာပါလို့
ဒီလောကကို ရောက် နေတာဆိုတော့ အလုပ်ကတခြားအရာတွေ ထက်စာရင်
ပိုဦးစားပေးသင့်တယ်လို့လည်း ထင်ပါတယ်”လို့ ပြောပါတယ်။ အနုပညာ အလုပ်တွေကို
မေသက်ခိုင်ရဲ့ မိခင် ဖြစ်သူက လက်ခံပေးတာဖြစ်ပြီး မိခင်ရဲ့ ဆုံးဖြတ်ချက်
အတိုင်း လိုက်နာသူတစ်ယောက်ပါ။ ဒါပေမဲ့ နှလုံးသားရေးရာ ကိစ္စ ကိုတော့
ကိုယ်တိုင် ဆုံးဖြတ်ချက်ချမှာပါဆိုတဲ့ မေသက် ခိုင်က… ”မေမေပြောနေကျ စကားက
ကိုယ်ရွေးချယ်ရမှာ ကိုယ့် ဘာသာကိုယ်ကြည့်၊ သူတို့က ဘေးကနေ နည်းနည်းလေး
လိုက်ထိန်းပေး၊ လိုက်ပြော ပေး ဒီလောက်ပဲရမယ်။ အသက်ကလည်း၂၂နှစ်
ပြည့်ပြီးပြီဆိုတော့ ၂၃နှစ်ဖြစ်နေပြီ။ ဒီ အချိန်မှာ ဆုံးဖြတ်တာက
မမှားနိုင်ဘူး လို့ ကိုယ့်ကိုယ် ကိုယ်ထင်ပါတယ်” လို့ ပြောပါတယ်။
လတ်တလောသူမရဲ့ အချစ်ရေးက ပရိသတ် စိတ်ဝင်စားစရာ ကောင်းတဲ့ အခြေအနေတစ်ရပ်
တော့ မရှိသေးပါဘူးလို့  ပြောပြီးဘဝမှာ အချစ် ရေးက အရေးကြီးဆုံး လို့
မခံယူထားပေမယ့် ရှိတော့ရှိသင့်ပါတယ်လို့ လည်း မှတ်ချက်ပေးခဲ့ ပါတယ်။
ခိုင်ဝေလွင်
No comments:
Post a Comment