Pages

Sunday, December 29, 2013

ချောင်းသာကမ်းခြေမှာBeach Wedding ပွဲကျင်းပမယ်လို့ဆိုတဲ့ ချစ်သုဝေ

၂ဝ၁၄မှာ မင်္ဂလာဆောင်တော့မယ့် နာမည်ကြီးအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်၊ အဆိုတော်ချစ်သုဝေလည်း ပါဝင်နေပါတယ်။ မကြာခင် နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲကို ၃ပွဲ စီစဉ်ကျင်းပမယ်လို့ ကြားနေရပြီး ရက်အတိအကျ ကိုတော့ပရိသတ်တွေကို အသိပေးပါ့မယ်လို့ ချစ်သုဝေ က ပြောပါတယ်။ အဆို တော်လင်းလင်းနဲ့ ချစ်သုဝေတို့က မင်္ဂလာဦး ဆွမ်းကျွေးနဲ့ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ မင်္ဂလာပွဲကျင်းပ မှာဖြစ်ပြီး ချောင်းသာကမ်းခြေမှာလည်း မင်္ဂလာပွဲကို ထူးထူးခြားခြား ကျင်းပဆင်နွှဲမယ်လို့ ကြားသိရတာကြောင့် မေး ကြည့်တော့ချစ်သုဝေက "ချောင်းသာမှာမင်္ဂလာပွဲကျင်းပဖြစ်တာကတော့ ထရီဇာ တို့နဲ့ တအား ရင်းနှီးတဲ့ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဲဒီပွဲကပို လုပ်ဖြစ် မှာပါ။ထရီဇာတို့သိကျွမ်းတဲ့မိတ်ဆွေတွေကတအားများတဲ့အတွက် Church
ပွဲကတော့ နှစ်ဖက်စလုံး သိကျွမ်းတဲ့အသိမိတ်ဆွေ တွေအားလုံးကို ဖိတ်
မယ်။ ဒီချောင်းသာ ပွဲလေးက ခရီးလည်းသွားရမယ်။ မင်္ဂလာပွဲတစ်ရက် အသွားအပြန်နှစ်ရက်၊ အားလုံးပေါင်း ၃ရက်ဆိုတော့ အချိန်လည်းေ ပးနိုင်မယ့် ထရီဇာတို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုခေါ်သွား မယ့်သဘောပေါ့။ Church ပွဲမှာ ကူညီမယ့်သူတွေ၊ Church ပွဲ မှာ
enjoy မလုပ်နိုင်ဘဲ ထရီဇာတို့ အတွက်လိုက်ပြီးကူညီနေရမယ့် ဓာတ်ပုံ ဆရာတွေ၊ ကင်မရာ မင်းန်တွေ၊ ထရီဇာတို့ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ၊ မိတ်ကပ်ဆရာတွေ၊ သူတို့တွေ အားလုံးပျော်ရွှင်ဖို့ အတွက်ပါ။ ဟိုတယ်Max မှာလုပ်ဖြစ်မယ်။ လူ ၂ဝဝလောက်ပဲ ဆံ့မှာဆိုတော့ လူ ၂ဝဝ လောက်နဲ့ wedding party ပွဲ၊ ကော့ တေးပါတီလုပ်မယ်လို့ စိတ်ကူး လိုက် တာပါ။ အဓိကကတော့ အစ်ကို (လင်းလင်း)က စီစဉ်တာပေါ့။ ထရီဇာ ကအစ က တည်းက Beach Wedding ကို စိတ်ကူးယဉ်ခဲ့ ဖူးတဲ့သူ ဆိုတော့ ပျော် ပျော် ရွှင် ရွှင်နဲ့ လက်ခံဖြစ် တယ်။ တ ကယ်တမ်း စီ စဉ်တဲ့ အခါမှာBeach မှာကျတော့ နည်းနည်းလေးအလုပ် ရှုပ် တယ်။ ဘယ်အခန်းမှာ ဘယ် သူဆိုပြီး အသေးစိတ်က အစ စီစဉ်ရတယ်" လို့ ပြောပါတယ်။ဘဝ မှာ ပျော်ရွှင်ရတဲ့အချိန်လည်း ဖြစ်သလို၊မင်္ဂလာယူနေတဲ့ အချိန် မှာ
သူ့ကိုချစ်တဲ့ ပရိသတ်တွေက လည်း ဆုတောင်း စကားတွေ ပြောပေးရင် ဝမ်းသာမိမှာဖြစ် ကြောင်းကို ချစ်သုဝေက "ထရီဇာ ကို ချစ်တဲ့ပရိသတ်တွေက ချစ်တဲ့စိတ်၊ မေတ္တာစိတ်ကလေးနဲ့ ထရီဇာပျော်ရွှင် နေတဲ့အချိန်လေး၊ မင်္ဂလာယူနေတဲ့ အချိန်လေးမှာ ဆုတောင်းစကားလေး တစ်ခုခုနဲ့ ရင်ထဲ၊ အသည်းထဲကနေ လှိုက်လှိုက် လှဲလှဲလေး ဆုတောင်းပေး ရင် တအား ဝမ်းသာမိမှာပါ။ ဒီထက်ပိုပြီး တော့လည်း နှလုံးသားတစ်ခု၊ ဦးနှောက် တစ်ခုနဲ့ အနုပညာအလုပ်တွေကို ပိုပြီး မြတ်မြတ်နိုးနိုး တလေးတစားနဲ့ ဆက်
လုပ်သွားမှာပါ" လို့ ပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

Saturday, December 28, 2013

ဇာတ်လမ်းတွဲ ရိုက်ကူးရင်း လမ်းသစ်ဖောက်တဲ့ အေးမြတ်သူ


ဇာတ်လမ်းတွဲရိုက်ကူးခြင်းသည် လုပ်နေကျလမ်းမှ လမ်းသစ်ဖောက်ခြင်းဖြစ်၍ ပရိသတ်အားပေးမှုဖြင့် ရှေ့ဆက်ချင်ကြောင်း အေးမြတ်သူက ပြောသည်။ “လုပ်နေကျထဲကနေပြီး လမ်းသစ် စဖောက်ကြည့်တာ၊ ခြေလှမ်း စလှမ်းကြည့်တာ။ ပရိသတ်ရဲ့ အားပေးမှုပေါ် မူတည်ပြီး ရှေ့ဆက်တိုးချင်ပါတယ်” ဟု အေးမြတ်သူက ပြောသည်။ ဇာတ်လမ်းတွဲများသည် အပိုင်းရှည်ကာ ရုပ်သံလိုင်းများမှ အပတ်စဉ် ထုတ်လွှင့်ပေးခြင်းဖြစ်၍ ပရိသတ်နှင့်လည်း ပို၍ ရင်းနှီးမှု ရနိုင်မည်ဟု ယူဆကြောင်း အေးမြတ်သူက ပြောသည်။


အေးမြတ်သူသည် ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးသည့် ဝါစိမ်းနီကမ္ဘာသိမ်းမည် ရုပ်သံဇာတ်လမ်းတွဲတွင် စိမ်းအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ၎င်းပါဝင် သရုပ်ဆောင်ရမည့် ဇာတ်ရုပ်မှာ အသက်ကြီးသည့် အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျသည့် ဇာတ်ရုပ်ဖြစ်ကြောင်း သိရသည်။ “အသက်ကြီးတဲ့ အမျိုးသားနဲ့ အိမ်ထောင်ကျတယ်။ လင်ပါသမီးတစ်ယောက်ပါတဲ့ အိမ်ထောင်သည်နေရာက သရုပ်ဆောင်ရမှာပါ” ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ရုပ်နှင့် ပတ်သက်၍ ပြင်ပလောကတွင် ဖြစ်လေ့ရှိသော သဘာဝအတိုင်း ရရှိထားသည့် ဇာတ်ရုပ်နှင့် လိုက်ဖက်မှုရှိအောင် ကြိုးစားသွားမည်ဟု အေးမြတ်သူက ပြောသည်။ အကယ်ဒမီနှင့် ပတ်သက်၍ စိုးမြတ်သူဇာ၊ နဝရတ်၊ ဖွေးဖွေးတို့ ရနိုင်သည်ဟုကြားပြီး ကလေးသရုပ်ဆောင် ယွန်းယွန်းကိုလည်း ကြိုးစားအားထုတ်မှု ကောင်းသောကြောင့် အကယ်ဒမီ ရစေချင်သည်ဟု အေးမြတ်သူက ပြောသည်။ “အကယ်ဒမီ ပေးပွဲလည်း တက်မှာပါ။ ယွန်းယွန်းကို ရစေချင်တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကလည်း အများကြီးကောင်းတော့ အဓိကအနေနဲ့ သူ့ကို ရစေချင်တယ်။ ဖွေးဖွေးတို့၊ နဝရတ်တို့၊ မကြီးစိုးတို့ ရမယ်လို့လည်း ကြားပါတယ်” ဟု ၎င်းကပြောသည်။


Credit : Planet
The Melting Pot 4 U

Friday, December 27, 2013

လတ်တလောအချစ်ရေးက စိတ်ဝင်စားစရာ အခြေအနေ မဟုတ်သေးပါဘူး မေသက်ခိုင်



လတ်တလောမှာ မေသက်ခိုင်က ဒါရိုက်တာ ကိုသောင်း(Studio 35) ရိုက်ကူးတဲ့ ‘သင်္ကြန်ကကြိုး’ဇာတ်ကားမှာကျော်ကျော် နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားက   ကျော်ကျော်နဲ့ လေးကားမြောက်ဆုံတဲ့ ဇာတ်ကားဖြစ်ပြီး မိဘတွေက ချုပ်ချယ်ကာ သင်္ကြန်ကို အပြင် ပေးမထွက်တဲ့အတွက် ဂီတသင်တန်းတစ်ခု တက်ရင်း သင်္ကြန်မှာ အပြင်ကို ခိုးထွက်လည်တဲ့ သင်္ကြန်ဖန်စီ ကားလေး တစ်ကားပဲဖြစ်ပါတယ်။ သင်္ကြန် ကျရင် အိမ်ထဲမှာပဲ အနေများတဲ့ မေသက်ခိုင် က အနုပညာအလုပ်တွေ လုပ်တော့မှ သင်္ကြန်ကို သီချင်းဆိုတဲ့ အလုပ်နဲ့ပဲ အပြင် ထွက်တတ်ပြီး၊ မလည်ဖြစ်တာ များပါတယ် လို့ပြောပါတယ်။ ဒီနှစ်နယူးရီးယားကို ဇာတ်ကားရိုက်ရင်းနဲ့ ရန်ကုန်မှာပဲ ဖြတ် သန်းမှာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှာလည်း ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ ဇာတ်ကားရိုက် ကူးဦးမှာဖြစ်ကြောင်း သိရပါတယ်။ မေသက် ခိုင်က တစ်လကို ပုံမှန် ၄၊၅ ကား ရိုက်ကူးနေ ပြီး ဇာတ်ကားရိုက်က တအားလည်း မကျဲသလို၊ တအားလည်း ရက်စိပ်အောင် လက်မခံ ဖြစ်ပါဘူးလို့ဆိုပါတယ်။ တစ်ခါတလေ ဇာတ် ကားလာကမ်းလှမ်းတာ တိုက်နေတဲ့အခါ ကိုယ်နဲ့ လိုက်ဖက်တဲ့ဇာတ်ရုပ်၊ ကိုယ်မလုပ်ဖူးတဲ့ ဇာတ်ရုပ်ကို ပိုဦးစားပေးရွေးချယ်ဖြစ် ပါတယ်လို့ ပြောတဲ့မေသက်ခိုင်က…  ”၂ဝ၁၁မှာ တခြားကိစ္စတွေ မရှိဘူး။ ဇာတ်ကားရိုက်တယ်။ ဓာတ်ပုံရိုက်တယ်။ ဒီနှစ်ထဲမှာတော့ နယ်တွေထွက်ဖြစ်ပြီး သီချင်းဆိုတာများတယ်။ ကျိုက်ထီးရိုး တစ်ခါမှ မရောက်ဖူးဘူး။ ဒီဇာတ်ကား မရိုက် ခင် ရှေ့ကားတုန်းက ဇာတ်ကားရိုက်ရင်း ကျိုက်ထီးရိုးဘုရားသွားဖြစ်တယ်။ ချောင်း သာသွားတယ်။ ကြော်ငြာတွေလည်း ရိုက် တယ်။ အနုပညာအလုပ်က ကိုယ် လည်း တကယ်ဝါသနာပါလို့ ဒီလောကကို ရောက် နေတာဆိုတော့ အလုပ်ကတခြားအရာတွေ ထက်စာရင် ပိုဦးစားပေးသင့်တယ်လို့လည်း ထင်ပါတယ်”လို့ ပြောပါတယ်။ အနုပညာ အလုပ်တွေကို မေသက်ခိုင်ရဲ့ မိခင် ဖြစ်သူက လက်ခံပေးတာဖြစ်ပြီး မိခင်ရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာသူတစ်ယောက်ပါ။ ဒါပေမဲ့ နှလုံးသားရေးရာ ကိစ္စ ကိုတော့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချမှာပါဆိုတဲ့ မေသက် ခိုင်က… ”မေမေပြောနေကျ စကားက ကိုယ်ရွေးချယ်ရမှာ ကိုယ့် ဘာသာကိုယ်ကြည့်၊ သူတို့က ဘေးကနေ နည်းနည်းလေး လိုက်ထိန်းပေး၊ လိုက်ပြော ပေး ဒီလောက်ပဲရမယ်။ အသက်ကလည်း၂၂နှစ် ပြည့်ပြီးပြီဆိုတော့ ၂၃နှစ်ဖြစ်နေပြီ။ ဒီ အချိန်မှာ ဆုံးဖြတ်တာက မမှားနိုင်ဘူး လို့ ကိုယ့်ကိုယ် ကိုယ်ထင်ပါတယ်” လို့ ပြောပါတယ်။ လတ်တလောသူမရဲ့ အချစ်ရေးက ပရိသတ် စိတ်ဝင်စားစရာ ကောင်းတဲ့ အခြေအနေတစ်ရပ် တော့ မရှိသေးပါဘူးလို့ ပြောပြီးဘဝမှာ အချစ် ရေးက အရေးကြီးဆုံး လို့ မခံယူထားပေမယ့် ရှိတော့ရှိသင့်ပါတယ်လို့ လည်း မှတ်ချက်ပေးခဲ့ ပါတယ်။
ခိုင်ဝေလွင်

မေခလာ ဖြေရှင်းနေရတဲ့ Over 40 နဲ့ Over 20 အကြောင်း

မေခလာက ဒီဇင်ဘာ ၁၁ ရက် နေ့က နေပြည်တော် မှာပြုလုပ်တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ဖွင့်ပွဲမှာ “မိုးယံထက်က မြန်မာ ပြည်သား” သီချင်းကို မင်းရံ၊ စစ်သွေး၊ ရှိုင်းဝေယံ တို့နဲ့အတူ သီဆို ခဲ့ပါတယ်။ ဖျော်ဖြေပွဲရဲ့ စင်မြင့်ပေါ်ကို တက်လှမ်း လာတဲ့ မေခလာ ကို မင်းရံက လက်လှမ်း ပြီးတွဲခေါ်မှုကို တချို့ ပရိသတ်တွေ က အထင်မြင်မှား မှုများရှိခဲ့ပြီး မေခလာ ဆီကို ဖုန်းတွေဆက်ပြီး မေးနေကြ ကြောင်းလည်း သိရပါတယ်။
ဒီအကြောင်း နဲ့ ပတ်သက်ပြီး “ပြောနေကြ တာက မေခလာက Over 40 တွေနဲ့ မတွဲ တော့ဘူး။ Over 20 တွေနဲ့ပဲ တွဲတော့ တယ်ဆိုပြီး ပြောနေကြတော့ အစ်မရဲ့ မိတ်ဆွေတွေ ကလည်း ဖြေရှင်းပေးနေ ရတယ်။ လားရှိုးက အစ်မနဲ့ တအားခင် တဲ့သူတွေကလည်း ဖုန်းဆက်တယ်။ ဟဲ့..နင် Over 40 မဟုတ်ဘဲနဲ့ 20 တွေနဲ့ တွဲနေ တာလား ဆိုပြီး မေးကြ တယ်။ ပထမက အစ်မကို စနေတယ် လို့ပဲထင်နေတာ။ အမှန်တော့ သူတို့ တကယ် မေးနေတာပါ။ နောက်ပြီး ပရိသတ်တွေ ကလည်း လှမ်းလှမ်း ပြီး ဖုန်းဆက် မေးကြတယ်။ ဒါကြောင့် အစ်မအနေနဲ့ ဖြေရှင်း မှဖြစ်တော့ မယ်လေ။ ဆီးဂိမ်း စင်မြင့်မှာ လှေကားထစ်လေး ရှိတယ်။ လှေကား ထစ်က နည်းနည်းမြင့်တဲ့ အခါ ကျ တော့ မမြင်ရဘူး။ အဲဒီတော့ အစ်မ ရဲ့တူလေးက အဒေါ်ပြုတ်ကျမှာ စိုး လို့ လက်နဲ့လှမ်းဆွဲပေးတယ်။ ကျန်တဲ့ စစ်သွေးတို့၊ ရှိုင်းဝေယံ တို့ဆွဲလို့ မကောင်း ဘူးလေ။ အဲဒါကြောင့် အစ်မ ရဲ့တူလေး မင်းရံရဲ့ လက်ကိုဆွဲပြီး တက်တာပါ။ မင်းရံက အစ်မရဲ့ အစ်ကိုကြီး နန္ဒကျော်သူ ရဲ့ သားပါ။ အစ်မကို လှမ်းပြီး ဖုန်းဆက်မေး ကြတဲ့ သူတွေက မေခလာက Over 40 တွေနဲ့ မတွဲတော့ဘူး။ Over 20 တွေနဲ့ ပဲတွဲတာလား ဆိုတော့ အစ်မ အနေနဲ့လည်း ရယ်ရခက်၊ ငိုရခက် ဖြစ်နေတာပေါ့” လို့ မေခလာက ပြောပြပါတယ်။
မေခလာ နဲ့ ရန်ကျော် တို့က ဒီဇင်ဘာ ၁၇ ရက်နေ့က ဘန်ကောက်ကို မိသားစု အပန်းဖြေ ခရီး ထွက်ခွာသွားပြီး  ဒီခရီးစဉ် မှာတော့ သမီးဖြစ်သူက စာမေးပွဲ ရှိ နေတဲ့ အတွက်ပါ မသွားဖြစ်ကြောင်း သိရပါတယ်။
လင်းအက္ခရာ

စိတ်ညစ်စရာတွေ ခေါင်းထဲထည့်မထားတတ်တဲ့ သဉ္ဇာနွယ်ဝင်း


Share
ကိုယ့်အလုပ်ကို ထိခိုက်မှာစိုး၍ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေကို ခေါင်းထဲမှာ မထည့် တတ်ကြောင်း၊ သဉ္ဇာနွယ်ဝင်းက ပြောသည်။ ”ဇာတ်ကားတွေ ခပ်စိပ်စိပ် ရိုက်ခွင့်ရ လာပြီး ကိုယ်ရိုက်နေရင်း ဘယ်နေရာမှာ ဘာလိုအပ်လဲဆိုတာ အများကြီး သိခွင့်ရလာတယ်”ဟုသဉ္ဇာနွယ် ဝင်းက ပြောသည်။ သဉ္ဇာနွယ်ဝင်းက ဖန်စီဇာတ်ရုပ်တွေ ရိုက်ကူး ခွင့်ရလာပြီး ယခင်ကထက် မိမိကိုယ်မိမိ အားရကြောင်း၊ ပရိသတ်တွေလည်း ပိုပြီး အားပေးလာမယ်လို့ ယုံကြည် ကြောင်းနှင့် လတ်တလော မှာ  ‘ငွေလမင်းရဲ့ အနီးဆုံး လူ’ ဇာတ်ကားကိုဟိန်းဝေယံ နှင့်အတူ တွဲဖက်သရုပ် ဆောင်ထားကြောင်း သိရ သည်။ ”သဉ္ဇာ နှစ်သစ်ထဲမှာ အနုပညာအလုပ်တွေပဲ အချိန်ပိုပေးမှာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဇာတ်ကား ကောင်းကောင်းလေး တွေ ရိုက်ကူးတင်ဆက် ပေးမှာဖြစ်တယ်”ဟု သဉ္ဇာ နွယ်ဝင်း ကပြောသည်။ ”သရုပ်ဆောင်တစ်ယောက်ဖြစ် တဲ့အတွက် ကာရိုက်တာတွေ မထပ်အောင်၊ ပရိသတ်အမြင်ဆန်းအောင်ရိုက်ပြဖို့အတွက် ဆန္ဒအများကြီးရှိတယ်”ဟု ဆက်ပြောသည်။

The Most Beautiful ဆုကို ရင်မခုန်တဲ့ ခင်ဝင့်ဝါ


Share
The Ideal Beauty ဝက်ဘ်ဆိုက်မှ ပေးမည့်ဆုကို ဆန်ခါတင် ၃ဝ ထဲဝင်ပေမယ့် The Most Beautiful Woman ဆုကိုရင်မခုန်ကြောင်း Miss Supra- national Myanmar 2013  ခင်ဝင့်ဝါက ပြောသည်။ ”မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာအလှမယ်တွေက တအားလှကြတယ်။ ညီမအခု ပါဝင်လာတာက ပရိသတ်ကြောင့်နဲ့ ကံကောင်း လွန်းအားကြီး လို့သာပါတာ”ဟု ခင်ဝင့်ဝါက ပြောသည်။
၂ဝ၁၃ ခုနှစ်အတွင်း ကျင်းပသည့် Miss World, Miss Universe, Miss Supranati- onal, Miss Earth, Miss International, Miss Grand International ပြိုင်ပွဲမှ အလှမယ် ၅၈၅ ဦးကိုရွေးချယ်ထားပြီးအလှဆုံး The Most Beautiful Woman ဆုကိုပေးအပ်မှာဖြစ် ကြောင်းသိရသည်။ ”Miss တစ်ယောက်က နိုင်ငံတကာမှာဆိုရင် ဓာတ်ပုံရိုက်တာလောက်ရှိ ပြီး ပရဟိတကို အဓိကထား လုပ်ကြတယ်။ သရုပ်ဆောင်ကတော့ အနုပညာဖြစ်သွားပြီ”ဟု ၎င်းက ဆက်ပြောသည်။
”ညီမက အနုပညာကို ဝါသနာပါတဲ့အတွက် Miss ဝင်ပြိုင်ပြီး ပြန်လာတော့ ဓာတ်ပုံအနုပညာလုပ်ရင်းကားရိုက်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာ သရုပ်ဆောင်ဘက် လုပ်တာ ပါ”ဟု ခင်ဝင့်ဝါက ဆက်ပြောသည်။ ”ခက်ခဲတယ်ဆိုတာ ကူညီတဲ့လူ၊ မကူညီတဲ့လူ။ အားပေးတဲ့လူ၊ အားမပေးတဲ့လူ အမြဲဒွန်တွဲတာတွေ ကြုံတွေ့နေရတယ်”ဟု ခင့်ဝင်ဝါ က ဆက်ပြောသည်။ ”ကိုယ့်ဝါသနာကို ရှေ့ထားတယ်။ ခက်ခဲတာတွေကို မေ့ထားတယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော်တယ်။ ဒီစိတ်က အရေးကြီး တယ်” ဟု ၎င်းက ဆက်ပြောသည်။ ပရဟိတအလှူတစ်ခုကိုလည်း သွားလှူဖို့ရှိကြောင်း ၎င်းထံမှ သိရသည်။

အောင်မြင်တဲ့ သီချင်းတစ်ပုဒ်နဲ့ နန်းမြတ်ဖြိုးသင်း


Share
တစ်ချိန်က အောင်မြင်တဲ့ သီချင်း တစ်ပုဒ်ကို ပြန်ဆိုရတဲ့အခါမှာ အမှား အယွင်းမရှိအောင် အလွန် တာဝန်ကြီး သည်ဟု ခံစားမိကြောင်း နန်းမြတ်ဖြိုး သင်းက ပြော သည်။”သူလာလာမလာလာ သီချင်းနဲ့ ပရိသတ်တွေ အားပေးတာခံရတဲ့အ တွက် ပြန်ဆိုခွင့်ပြုပေးတဲ့ ဦးကိုင်ဇာကို ကျေးဇူးတင်တယ်”ဟု နန်းမြတ်ဖြိုးသင်း က ပြောသည်။
”နန်းမြတ်ဖြိုးသင်းနှင့် နန်းသူဇာ သူငယ်ချင်း” သီချင်းခွေမှာ CD  ထွက် ပြီး ပရိသတ်အားပေးမှု ထင်မထား လောက်အောင် ရရှိထားပြီဖြစ်တဲ့အ တွက် VCD ရိုက်ကူးဖို့ အတွက်လည်း စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း နန်းမြတ်ဖြိုးသင်းထံမှ သိရသည်။ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အတွက် ဇာတ်ကားတွေထွက်လာရင် ပရိ သတ် အားပေးတာနဲ့ သီချင်းတစ်ပုဒ်ကို အားပေးတာခံစားရတဲ့ ခံစားမှုက လုံးဝ ကွာခြားကြောင်း နန်းမြတ်ဖြိုးသင်းက ဆက်ပြောသည်။
”အဆိုတော်ကြီးမဟုတ်သေးတဲ့အ တွက် ကြိုးစားပြီးတော့ လုပ်တယ်။  တစ်ကိုယ်တော်ခွေထွက်နိုင်ဖို့အတွက် သီချင်းတွေ စစုနေပြီ”ဟု ၎င်းက ဆက် ပြောသ ည်။နှစ်ယော က်တွဲခွေမှာ ပရိသတ် တွေ အားပေးသလို တစ်ကိုယ်တော်ခွေ ထွက်လာရင်လည်း ထပ်တူ အားပေး မယ်လို့ မျှော်လင့်ကြောင်း ၎င်းက ဆက် ပြောသည်။
ထူးထူး

နေတိုးနှင့်ရိန်မိုး နှစ်ယောက်တွဲအခွေ ဖန်တီးရှင်

Share
နေတိုးနှင့် နှစ်ယောက်တွဲခွေထွက်ထားတဲ့ အတွက်အနှောင့်အယှက်ဖြစ်မှာစိုးလို့တစ်ကိုယ်တော် ခွေကို မလုပ်ဖြစ်သေးကြောင်း အဆိုတော်ရိန်မိုးက ပြော သည်။”တစ် ကိုယ်တော်ထွက်ဖို့ သီချင်းတွေက အဆင်သင့်ရှိပါပြီ။ ကျွန်တော်က ကရင်တိုင်းရင်းသား ဖြစ်တဲ့အတွက် ကရင်ဘာသာ Love Song  တစ်ခွေ တော့ လုပ်ထားတယ်”ဟု ရိန်မိုးက ပြောသည်။ ”ဖန်ဆင်းရှင် နှစ်ယောက်တွဲခွေမှာ ကျွန်တော်ရော၊ နေတိုးရောအစွမ်းကုန် ကြိုးစားထားတယ်” ဟု ၎င်းက ဆက်ပြောသည်။
နေတိုးနှင့် ရိန်မိုးတို့နှစ်ယောက်တွဲခွေကို ပရိသတ်ရှေ့ချပြနိုင်အောင် အချိန်နှစ်နှစ်ထက်မက ကြိုးစားလုပ်ယူခဲ့ရပြီး အကောင်းဆုံးသီချင်းတွေပဲ ရွေးချယ်ထားကြောင်း ရိန်မိုးထံမှ သိရသည်။ CD အရင်ထွက်မှာဖြစ်ပြီး VCD  ရိုက်ကူး တင်ဆက်မှုပိုင်းမှာ သရုပ်ဆောင်ပိုင်း၌ နေတိုးကို ဦးစားပေးမှာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ”နေတိုးက မင်းသားမဖြစ်ခင်ကတည်းက သီချင်းဆိုလာတဲ့သူမို့ သူ့အသံက ကောင်းပြီးသားပါ။ သူနဲ့ အလုပ်တွဲလုပ်ရတာနှစ်ဦး နှစ်ဖက်စိတ်ချမ်းသာ ပါတယ်”ဟု ရိန်မိုးက
ပြောသည်။ ဖန်ဆင်းရှင် CD ပရိုမိုးရှင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် Junction Square  ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကင်ဆာရောဂါသည် ကလေးများအတွက် စိုင်းစိုင်းခမ်းလှိုင် ဖျော်ဖြေ


မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာရောဂါ ခံစားနေရသော ကလေးသူငယ်များအတွက် အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင် အပါအဝင် တေးသံရှင် ငါးဦးတို့က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန် ကလေးဆေးရုံကြီး တိုးချဲ့ဆောင်သစ်၌ ကျင်းပသော ကင်ဆာ ကလေးသူငယ်များ ပျော်ပွဲရွှင်ပွဲတွင် အတူတကွ ပူးပေါင်း ဖျော်ဖြေခဲ့ကြောင်း အဆိုပါပွဲ စီစဉ်သူ ဒေါက်တာတင့်မျိုးနှင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ပျော်ပွဲ ရွှင်ပွဲတွင် ကင်ဆာ ဝေဒနာရှင် ကလေးငယ် ၂၇၀ ဦး တက်ရောက်ခဲ့ကြပြီး ကုမ္ပဏီများနှင့် အလှူရှင် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း၊ ကလေးငယ်များ အတွက် တေးဂီတ ဖျော်ဖြေပွဲအပြင် မျက်လှည့်ပွဲလည်း ပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

တက်ရောက်ခဲ့သော ကလေးသူငယ် ၂၀၀ ကျော်တွင် အလုံးအကျိတ်ကင်ဆာ၊ သွေးကင်ဆာ၊ ဦးနှောက် အမှေးရောင်နှင့် သွေးရောဂါ ဖြစ်ပွားသူများ ပါဝင်ကြောင်း ဒေါက်တာတင့်မျိုးနှင်းက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ ခံစားနေရသော ကလေးသူငယ်များအနက် အသက်သုံးနှစ်မှ ၁၀ နှစ်အတွင်း ကလေးသူငယ်များသည် ကင်ဆာရောဂါ အများဆုံးဖြစ်ပြီး ဆယ်ကျော်သက် အရွယ်တွင် ကင်ဆာဖြစ်ပွားသူ နည်းပါးကြောင်း၊ ရန်ကုန် ကလေးဆေးရုံကြီးသို့ လာရောက် ကုသသူများတွင် ၁၂ နှစ်အရွယ် ကလေးသူငယ် အများဆုံး ဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ကျန်းမာရေးအတွက် Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန်ကစားဖြစ်တဲ့ ဝတ်မှုန်ရွှေရည်


ဝတ်မှုန်ရွှေရည်က Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန် ကစား ဖြစ်ပြီး အားကစား လုပ် ခြင်းက စိတ်ဖိစီးမှုတွေကို ပျောက်စေတယ်လို့ ပြောပါတယ်။ “အား ကစား လုပ်တာက စိတ် ဖိစီးမှုတွေ ပျောက် တယ်။ အားကစား လုပ်ပြီးရင် အစားအသောက်လည်း ထိန်းဖြစ်တယ်။ တစ် ပတ်မှာGym က ၃ ရက်၊ ၄ရက်လောက် ဆော့ဖြစ် တယ်။ ယောဂက တစ်ပတ်မှာ ၁ရက်၊၂ရက် လောက်လုပ်ဖြစ်တယ်။ တင်း နစ်က အရင်တုန်းက ရိုက်ဖြစ် တယ်။ အခုနောက်ပိုင်းတော့ မရိုက်ဖြစ်တော့ဘူး။ တင်းနစ်ရိုက်ပြီး ရင်တအားပင် ပန်းလို့ မရိုက်ဖြစ်တော့တာပါ။ အားကစားကို လူတိုင်း အချိန်ပေးပြီး လုပ်သင့်ပါတယ်။ အမြဲတမ်းလေ့ကျင့်ခန်းလုပ်တော့ လူလည်း ကျန်းမာတယ်” လို့ အား ကစားလုပ်လို့ရတဲ့ အကျိုးကျေးဇူးတွေ ကို ပြောပြပါတယ်။

ဝတ်မှုန်ရွှေရည်ကကားရိုက် တွေ ဆက်တိုက်ရှိနေပေမယ့်လည်း ပုံမှန်အနေနဲ့ တစ်လကို တစ်ရက်၊ နှစ်ရက်ေ လာက်တော့ နား ဖြစ်ကြောင်း ပြောပါတယ်။ “နားရက်ကိုလည်း ထား ထားပါတယ်။ ကျန်းမာရေးကိုတော့ အဓိက အားဖြင့် အစားအသောက်၊ အနေအထိုင်ကို အဓိကဂရု စိုက်ဖြစ် တယ်။ ကျန်းမာစေတဲ့ အစားအသောက်ကို အဓိက ဦးစားပေးပြီး စားဖြစ်တယ်။ အသီးအရွက်ကို ပိုပြီး စားတယ်။ ပြီးတော့ လေ့ကျင့်ခန်းကို အချိန်ရရင် ရသလို ပုံမှန်လေးကစားဖြစ်တယ်။ ကျန်း မာရေးကို အဲဒီလိုပဲ ဂရုစိုက်ဖြစ်တယ်။ ကစ် တအားအလုပ်ပင် ပန်းလာရင် အိမ်မှာပဲအနားယူလိုက်တယ်။ တစ်ယောက်တည်းနေတာ ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်လိုက်တာပဲဖြစ် ဖြစ်စိတ်ကိုအပန်းဖြေဖြစ်တယ်။ ပြီး တော့ စာအုပ်ဖတ် ဖြစ်တယ်။ မိသားစုကို အချိန်ပေးဖြစ်တယ်။ ဒါပေမဲ့ အမြဲတမ်းလိုလိုတော့ မပေးဖြစ်ပါဘူး။

ကိုယ်အလုပ်မရှိတဲ့ရက်၊ညဘက်ပိုင်းလေးပဲဖြစ်ဖြစ် အချိန် ပေးဖြစ်တယ်” လို့ ရှုတင်နားရက်မှာ အနားယူဖြစ်တဲ့အကြောင်းကို ဝတ်မှုန် ရွှေရည်က ပြောပြ ပါတယ်။ အခု လက်ရှိအချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ ဝါသနာပါသလို တခြား စီးပွားရေးအလုပ်တွေနဲ့ပတ်သက် ပြီး တော့လည်း စိတ်ဝင်စားကြောင်း၊ သူ့အနေနဲ့ အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းလေးတွေကို ပိုပြီးစိတ်ဝင်စားကြောင်း၊ အဓိကလုပ်ဖြစ်နေတာက ဒီအနုပညာအလုပ်တစ်ခုပဲဖြစ်ကြောင်း ဝတ်မှုန်ရွှေရည်က ပြောပါ တယ်။

ခိုင်ဝေလွင်၊ လွင်လွင်ထွန်း၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

Popular Journal

Vogue အတွက် ရဲရဲတင်းတင်း ကိုယ်ဟန်ပြခဲ့သည့် ကန်ဒိုက်စ်



   
Vogue အတွက် ရဲရဲတင်းတင်း ကိုယ်ဟန်ပြခဲ့သည့် ကန်ဒိုက်စ် ဇန်နဝါရီလထုတ် အဆိုပါ မဂ္ဂဇင်းတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက စူပါမော်ဒယ်လ်သည် ရှေးခေတ်နတ်ဘုရားမတို့၏ ရုပ်သွင်မျိုးကို တုပကာ ကိုယ်ဟန်ပြထားခဲ့သည်။

Vogue မဂ္ဂဇင်း၏ ဘရာဇီးလ်ထုတ် နှစ်သစ်ကူး Versionအတွက် ကန်ဒိုက်စ်ဆွန်နီပိုဝယ်လ်က ရဲတင်းလွန်းသည့် ညှို့ဓာတ်ပုံမျိုး အရိုက်ခံပေးခဲ့သည်။ ဇန်နဝါရီလထုတ် အဆိုပါ မဂ္ဂဇင်းတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက စူပါမော်ဒယ်လ်သည် ရှေးခေတ်နတ်ဘုရားမတို့၏ ရုပ်သွင်မျိုးကို တုပကာ ကိုယ်ဟန်ပြထားခဲ့သည်။ ကန်ဒိုက်စ်အနေဖြင့် သူမ၏ မမြင်အပ်သော အလှအပတို့ကို ဖုံးကွယ်ထားသော်လည်း တစ်ကိုယ်လုံးတွင် ဝတ်ဆင်ထားသည့် အရာဆို၍ ခေါင်းပေါင်းထားသည့် အဝတ်စနှင့် ကြီးမားသော နားကွင်းကြီးတို့သာ ရှိနေသည်။ အဆိုပါ ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံကို ဘရာဇီးလ် Vogue၏ နာမည်ကျော် ဓာတ်ပုံဆရာ ဇီးနူနက်စ်က ရိုက်ကူးပေးခဲ့ခြင်း ဖြစ်သည်။

ကန်ဒိုက်စ်သည် Victoria's Secret၏ လက်ရွေးစင် မော်ဒယ်လ်တစ်ဦးဖြစ်ပြီး သူမ၏ ပြေပြစ်သော ခန္ဓာကိုယ် အလှအပကို ပွင့်လင်းစွာ ဂုဏ်ယူလေ့ရှိသူ တစ်ဦးဖြစ်သည်။ သူမသည် မကြာသေးမီကလည်း Victoria's Secret မော်ဒယ်လ် ဘဝ၏ လူမြင်ကွင်း နောက်ကွယ်မှ ပုံရိပ်အချို့ကို ပရိသတ်များထံ မျှဝေ ပြသခဲ့သေးသည်။ ကန်ဒိုက်စ်သည် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် Victoria' Secret နှစ်ပတ်လည် အထူးဖက်ရှင်ပွဲတွင် ဒေါ်လာ(၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကိုယ်ဟန်ပြရန် ရွေးချယ်ခံခဲ့ရပြီးနောက် ယခုနှစ်၏ လူအများ အာရုံစိုက် အခံရဆုံး မော်ဒယ်လ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။

Tuesday, December 24, 2013

ခရစ္စမတ်နေ့ကို မိဘမဲ့ကလေးတွေနဲ့ ဖြတ်သန်းမယ့် အွန်ဆိုင်း


ခရစ္စမတ်နေ့မှာတော့ မိဘမဲ့ ကလေးတွေနဲ့ အတူ ဖြတ်သန်းချင်တယ်လို့ အွန် ဆိုင်းက ပြောပြပါတယ်။ ဒီလို ကလေးတွေနဲ့ရှိချင်တာကလည်း အမှတ်တရလေးဖြစ်ချင် တယ် လို့ ပြောပြတာကြောင့် “ကျန် တဲ့ သူတွေက ကိုယ့်မိသားစုနဲ့ ကျင်းပလို့ရတယ်။မိဘမဲ့ကလေး တွေ၊ နယ်ဘက်က စစ်ရှောင် ကလေးတွေဆိုရင် ခရစ္စမတ်က ဘာမှန်း မသိဘူး။

လာလုပ် ပေးတဲ့သူရှိမှခရစ္စမတ်ပွဲခံစားချက်ရှိမှာ။အမှတ်တရလေးလည်းဖြစ် အောင် သူတို့နဲ့လည်း ခရစ္စမတ်ကို ဖြတ်သန်းချင်တယ်။ ခရစ္စမတ်မှာ အားလုံးေ ပျာ်ရွှင်ကြပါစေ” လို့ ပြောပြပါတယ်။ ခရစ္စမတ်နေ့ရောက် တော့မှာဖြစ်တဲ့အတွက် အခုချိန်မျာလက်ဆောင်ပေးမယ့်သူငယ်ချင်း တွေအတွက် စဉ်းစားနေတယ်လို့ ပြောပြတဲ့ အွန်ဆိုင်းက ခရ

၅၆ကြိမ်မြောက် မြန်မာ့ရုပ်ရှင် အကယ်ဒမီအတွက် ဗန်းကိုင်လှပျိုဖြူများ ရွေးချယ်

လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ပြုလုပ်ကျင်းပမည့် မြန်မာ့ရုပ်ရှင် အကယ်ဒမီပွဲတွင် စင်မြင့်ပေါ်မှ အကယ်ဒမီ ဆုစာရင်း ကြေညာချက် လျှို့ဝှက်စာကို တင်ထားသည့်ဗန်းကို ကိုင်ပေးရမည့် အမျိုးသမီးငယ်များ ရွေးချယ်ပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့က အပြီးသတ် ပြုလုပ်ခဲ့သည်။ ထိုအကယ်ဒမီပွဲမှာ ၂၀၁၁ ခုနှစ်အတွက် ပွဲဖြစ်ပါသည်။ အကယ်ဒမီ ဗန်းကိုင်ဟု အများက ခေါ်ဝေါ်ကြသော ဤနေရာအတွက် သတ်မှတ်ထားသည့် အရည်အချင်းများမှာ အရပ် ၅ ပေ ၄ လက်မနှင့် ၅ ပေ ၅ လက်မကြား ရှိရမည်။ အသက်မှာ ၁၈ နှစ်မှ ၂၀ နှစ်အထိ ရုပ်ရည်အသင့်အတင့် ချောမောပြီး ပရိသတ်အတွက် ဆွဲဆောင်မှုရှိရမည် ဖြစ်သည်။ ဤအကယ်ဒမီပွဲသည် စစ်အစိုးရလက်ထက် အစဉ်အဆက် အစိုးရကသာ ကြီးကြပ်လာခဲ့ရာမှ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ရုပ်ရှင်လောကသားများ အများဆုံး လုပ်ပိုင်ခွင့်ရသည့် မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီက ဦးစီးကြီးမှူးကျင်းပမည့်ပွဲ ဖြစ်သည်။ ယခင်နှစ်စဉ်နှစ်တိုင်း စူပါကော်ဖီမစ်က စရိတ်အကုန်အကျခံပြီး စင်မြင့်အလှဆင်ခြင်းများ ပြုလုပ်ပေးခဲ့သော်လည်း ယခုနှစ်တွင် စင်ကာပူနိုင်ငံ BARCO ကုမ္ပဏီက အကယ်ဒမီစင်နှင့် ပတ်သက်၍ အခမ်းအနား အပြင်အဆင်အားလုံး Sponsor ရရှိသွားသည်။ သို့သော် တခြားကုမ္ပဏီကလည်း ကြော်ငြာအတွက် Sponsor ရရှိလိုလျှင် BARCO ကုမ္ပဏီမှ လျှောက်ထား တောင်းခံရမည်ဟု သိရသည်။ အကယ်ဒမီ ဗန်းကိုင်အတွက် အမျိုးသမီးငယ် ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၈ ဦးကို ဆန်ခါတင် ရွေးချယ်လိုက်ကြောင်း သိရသည်။ ရွေးချယ်ခံရသူများမှာ- (၁) မမေမြင့်မိုရ် (အဘ-ဦးအောင်ကို)၊ (၂) မလမင်းအိနြေ္ဒ (အဘ-ဦးတီပိုး)၊ (၃) မအင်ကြင်းထူး (အဘ-ဦးခင်မောင်မြင့်)၊ (၄) မဆောင်းဝတ်ရည်မေ (အဘ-ဦးမြင့်သိန်း)၊ (၅) မရှင်ဝေနိုင်ဦး (အဘ-ဦးအောင်နိုင်ဦး)၊ (၆) မခိုင်ဇင်သင်း(ခ)ပန်းရောင်(ခ)ပုံ့ပုံ့ (အဘ-ဦးအောင်ဇော်ဦး)၊ (၇) မနှင်းဆီဝိုင်(ခ)ခိုင်စံဝေကျော် (အဘ-ဦးကျော်ညွန့်)နှင့် (၈) မမေစူးနိုင် (အဘ-ဦးတင်မောင်ထွန်း) တို့ ဖြစ်ကြသည်။ ရုပ်ရှင်အကယ်ဒမီပေးပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(Credit to: News Watch Weekly)