
ကိုယ့်အလုပ်ကို ထိခိုက်မှာစိုး၍
စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေကို ခေါင်းထဲမှာ မထည့် တတ်ကြောင်း၊
သဉ္ဇာနွယ်ဝင်းက ပြောသည်။ ”ဇာတ်ကားတွေ ခပ်စိပ်စိပ် ရိုက်ခွင့်ရ လာပြီး
ကိုယ်ရိုက်နေရင်း ဘယ်နေရာမှာ ဘာလိုအပ်လဲဆိုတာ အများကြီး
သိခွင့်ရလာတယ်”ဟုသဉ္ဇာနွယ် ဝင်းက ပြောသည်။ သဉ္ဇာနွယ်ဝင်းက ဖန်စီဇာတ်ရုပ်တွေ
ရိုက်ကူး ခွင့်ရလာပြီး ယခင်ကထက် မိမိကိုယ်မိမိ အားရကြောင်း၊ ပရိသတ်တွေလည်း
ပိုပြီး အားပေးလာမယ်လို့ ယုံကြည် ကြောင်းနှင့် လတ်တလော မှာ ‘ငွေလမင်းရဲ့
အနီးဆုံး လူ’ ဇာတ်ကားကိုဟိန်းဝေယံ နှင့်အတူ တွဲဖက်သရုပ် ဆောင်ထားကြောင်း
သိရ သည်။ ”သဉ္ဇာ နှစ်သစ်ထဲမှာ အနုပညာအလုပ်တွေပဲ အချိန်ပိုပေးမှာ ဖြစ်ပြီး
ပရိသတ်တွေအတွက် ဇာတ်ကား ကောင်းကောင်းလေး တွေ ရိုက်ကူးတင်ဆက်
ပေးမှာဖြစ်တယ်”ဟု သဉ္ဇာ နွယ်ဝင်း ကပြောသည်။ ”သရုပ်ဆောင်တစ်ယောက်ဖြစ်
တဲ့အတွက် ကာရိုက်တာတွေ မထပ်အောင်၊ ပရိသတ်အမြင်ဆန်းအောင်ရိုက်ပြဖို့အတွက်
ဆန္ဒအများကြီးရှိတယ်”ဟု ဆက်ပြောသည်။
No comments:
Post a Comment