
တစ်ချိန်က အောင်မြင်တဲ့ သီချင်း
တစ်ပုဒ်ကို ပြန်ဆိုရတဲ့အခါမှာ အမှား အယွင်းမရှိအောင် အလွန် တာဝန်ကြီး သည်ဟု
ခံစားမိကြောင်း နန်းမြတ်ဖြိုး သင်းက ပြော သည်။”သူလာလာမလာလာ သီချင်းနဲ့
ပရိသတ်တွေ အားပေးတာခံရတဲ့အ တွက် ပြန်ဆိုခွင့်ပြုပေးတဲ့ ဦးကိုင်ဇာကို
ကျေးဇူးတင်တယ်”ဟု နန်းမြတ်ဖြိုးသင်း က ပြောသည်။
”နန်းမြတ်ဖြိုးသင်းနှင့် နန်းသူဇာ
သူငယ်ချင်း” သီချင်းခွေမှာ CD ထွက် ပြီး ပရိသတ်အားပေးမှု ထင်မထား
လောက်အောင် ရရှိထားပြီဖြစ်တဲ့အ တွက် VCD ရိုက်ကူးဖို့ အတွက်လည်း
စတင်စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း နန်းမြတ်ဖြိုးသင်းထံမှ သိရသည်။
သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အတွက် ဇာတ်ကားတွေထွက်လာရင် ပရိ သတ် အားပေးတာနဲ့
သီချင်းတစ်ပုဒ်ကို အားပေးတာခံစားရတဲ့ ခံစားမှုက လုံးဝ ကွာခြားကြောင်း
နန်းမြတ်ဖြိုးသင်းက ဆက်ပြောသည်။
”အဆိုတော်ကြီးမဟုတ်သေးတဲ့အ တွက်
ကြိုးစားပြီးတော့ လုပ်တယ်။ တစ်ကိုယ်တော်ခွေထွက်နိုင်ဖို့အတွက် သီချင်းတွေ
စစုနေပြီ”ဟု ၎င်းက ဆက် ပြောသ ည်။နှစ်ယော က်တွဲခွေမှာ ပရိသတ် တွေ အားပေးသလို
တစ်ကိုယ်တော်ခွေ ထွက်လာရင်လည်း ထပ်တူ အားပေး မယ်လို့ မျှော်လင့်ကြောင်း ၎င်းက
ဆက် ပြောသည်။
ထူးထူး
No comments:
Post a Comment