
နေတိုးနှင့် နှစ်ယောက်တွဲခွေထွက်ထားတဲ့
အတွက်အနှောင့်အယှက်ဖြစ်မှာစိုးလို့တစ်ကိုယ်တော် ခွေကို မလုပ်ဖြစ်သေးကြောင်း
အဆိုတော်ရိန်မိုးက ပြော သည်။”တစ် ကိုယ်တော်ထွက်ဖို့ သီချင်းတွေက
အဆင်သင့်ရှိပါပြီ။ ကျွန်တော်က ကရင်တိုင်းရင်းသား ဖြစ်တဲ့အတွက် ကရင်ဘာသာ
Love Song တစ်ခွေ တော့ လုပ်ထားတယ်”ဟု ရိန်မိုးက ပြောသည်။ ”ဖန်ဆင်းရှင်
နှစ်ယောက်တွဲခွေမှာ ကျွန်တော်ရော၊ နေတိုးရောအစွမ်းကုန် ကြိုးစားထားတယ်” ဟု
၎င်းက ဆက်ပြောသည်။
နေတိုးနှင့်
ရိန်မိုးတို့နှစ်ယောက်တွဲခွေကို ပရိသတ်ရှေ့ချပြနိုင်အောင်
အချိန်နှစ်နှစ်ထက်မက ကြိုးစားလုပ်ယူခဲ့ရပြီး အကောင်းဆုံးသီချင်းတွေပဲ
ရွေးချယ်ထားကြောင်း ရိန်မိုးထံမှ သိရသည်။ CD အရင်ထွက်မှာဖြစ်ပြီး VCD
ရိုက်ကူး တင်ဆက်မှုပိုင်းမှာ သရုပ်ဆောင်ပိုင်း၌ နေတိုးကို
ဦးစားပေးမှာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ”နေတိုးက မင်းသားမဖြစ်ခင်ကတည်းက
သီချင်းဆိုလာတဲ့သူမို့ သူ့အသံက ကောင်းပြီးသားပါ။ သူနဲ့
အလုပ်တွဲလုပ်ရတာနှစ်ဦး နှစ်ဖက်စိတ်ချမ်းသာ ပါတယ်”ဟု ရိန်မိုးက
ပြောသည်။ ဖန်ဆင်းရှင် CD ပရိုမိုးရှင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် Junction Square ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြောသည်။ ဖန်ဆင်းရှင် CD ပရိုမိုးရှင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် Junction Square ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment